仰光省投资委批准3个项目 预计创造458个就业机会

编辑:缅华网 溪河报道 文章类型:综合资讯 发布于2026-11-29 00:06:04 共66人阅读
文章导读 据仰光省投资委员会第5/2026次会议消息,委员会已批准3个投资项目,合计可创造458个就业岗位……

缅华网 溪河报道

据仰光省投资委员会第5/2026次会议消息,委员会已批准3个投资项目,合计可创造458个就业岗位。此次会议于11月27日下午在仰光省投资委员会办公室举行,仰光省首席部长吴昂奈杜(ဦးအောင်နိုင်သူ )出席。

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီက အလုပ်အကိုင်အခွင့်အလမ်းပေါင်း (၄၅၈)ဦး ဖန်တီးပေးနိုင်သော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၃) ခုကို အတည်ပြုပေးခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၅/၂၀၂၆) ကြိမ်မြောက်အစည်းအဝေး၏ အချက်အလက်များအရ သိရသည်။အဆိုပါ အစည်းအဝေးကို ယမန်နေ့(နိုဝင်ဘာ (၂၇) ရက်) မွန်းလွဲပိုင်းက ရန်ကင်းမြို့နယ်၊ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ ရုံး၌ကျင်းပခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးအောင်နိုင်သူ တက်ရောက်ခဲ့ကြောင်း သိရသည်။

该委员会批准了工业领域的1个外资投资项目和2个缅甸公民投资项目,获批项目为食品加工项目和服装加工项目;投资额有287.1万美元和22亿缅元,预计可创造458个国内就业岗位。

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီသည် စက်မှုကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၁) ခုနှင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၂) ခုတို့ကို အတည်ပြုပေးပြီး အတည်ပြုပေးသည့် လုပ်ငန်းများမှာ စားသောက်ကုန်လုပ်ငန်းများနှင့် အထည်ချုပ်လုပ်ငန်းတို့ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်း ပမာဏမှာ အမေရိကန်ဒေါ်လာ (၂ ဒသမ ၈၇၁) သန်း နှင့် ကျပ် (၂,၂ဝဝ) သန်း ဖြစ်ပြီး ပြည်တွင်း အလုပ်အကိုင်အခွင့်အလမ်းပေါင်း (၄၅၈)ဦးကို ဖန်တီးပေးနိုင်ခဲ့ကြောင်း သိရသည်။

随后,会议还审议并决定了25家公司提交的各项事宜,其中包括4个拟增加投资额的项目。

ထို့နောက် အစည်းအဝေးတွင် မတည်ရင်းနှီးငွေတိုးမြှင့်မည့် လုပ်ငန်း (၄) ခု အပါအဝင် အထွေထွေကိစ္စရပ်များ တင်ပြလာသည့် ကုမ္ပဏီ (၂၅) ခု၏ တင်ပြချက်များကိုလည်း ဆွေးနွေးဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

来源 NP新闻

 
0
0

评论列表 共有 0 条评论

暂无评论

联系我们

邮箱:mhwmm.com@gmail.com