应对边境河流重金属污染 缅泰将设6个水质监测站
缅华网 溪河报道

在泰国北部对河流污染担忧日益加剧之际,泰国官员于11月25日表示,将在泰缅边境沿线的河流中设立6个水质监测站,以调查重金属污染情况。
ထိုင်းနိုင်ငံမြောက်ပိုင်းတွင် မြစ်ရေညစ်ညမ်းမှုဆိုင်ရာ စိုးရိမ်ပူပန်မှုများ မြင့်တက်လာနေချိန်၌ ထိုင်းနှင့် မြန်မာနှစ်နိုင်ငံ နယ်စပ်တစ်လျှောက်ရှိ မြစ်များအတွင်း သတ္တုအဆိပ်သင့်မှု အခြေအနေများကို စုံစမ်းစစ်ဆေးရန် ရေအရည်အသွေး စောင့်ကြည့်ရေးစခန်း (၆) ခု တည်ထောင်သွားမည်ဟု ထိုင်းတာဝန်ရှိသူများက နိုဝင်ဘာ (၂၅) ရက်တွင် ပြောကြားလိုက်သည်။
据路透社报道称,由于掸邦(ရှမ်းပြည်နယ်)境内金矿和稀土开采活动过度进行,有毒化学物质流入泰国一侧的河流,存在污染当地民众的饮用水源的可能。
ရှမ်းပြည်နယ်အတွင်း ရွှေနှင့် မြေရှားသတ္တု တူးဖော်မှုများ အလွန်အကျွံ လုပ်ဆောင်လာခြင်းကြောင့် အဆိပ်သင့်ဓာတုပစ္စည်းများသည် ထိုင်းနိုင်ငံဘက်သို့ စီးဝင်နေသည့် မြစ်များအတွင်း ရောက်ရှိကာ ဒေသခံပြည်သူများ၏ သောက်သုံးရေ အရင်းအမြစ်များကို ညစ်ညမ်းစေနိုင်ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြထားသည်။
美国史汀生中心(Stimson Center)研究团队称,东南亚大陆共有2400多座矿山(其中大多数为非法和无序开采),可能向河流排放氰化物(ဆိုင်ယာနိုက်)和汞(ပြဒါး)等危及生命的化学物质。
အမေရိကန်အခြေစိုက် Stimson Center သုတေသနအဖွဲ့၏ အဆိုအရ အရှေ့တောင်အာရှ ကုန်းမကြီးတစ်လွှားရှိ သတ္တုတွင်းပေါင်း (၂,၄၀၀) ကျော် (အများစုမှာ တရားမဝင်နှင့် စည်းကမ်းမဲ့ တူးဖော်နေခြင်းဖြစ်သည်) သည် ဆိုင်ယာနိုက်နှင့် ပြဒါး ကဲ့သို့သော အသက်အန္တရာယ်ဖြစ်စေနိုင်သည့် ဓာတုပစ္စည်းများကို မြစ်အတွင်းသို့ စွန့်ပစ်ဖွယ်ရှိနေသည်။
泰国污染控制厅发布公告称,对2025年3月至9月采集的样本进行检测后发现,郭河(ကော့မြစ်)及其支流,以及美赛河(ဆိုင်မြစ်)洛克河(ရွတ်မြစ်)和湄公河(မဲခေါင်မြစ်)的水和沉积物中含有砷(အာဆင်းနစ်)及其他重金属毒素。
ထိုင်းနိုင်ငံ ညစ်ညမ်းမှု ထိန်းချုပ်ရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ (၂၀၂၅) ခုနှစ်၊ မတ်လမှ စက်တင်ဘာလအတွင်း ကောက်ယူခဲ့သော နမူနာများကို စစ်ဆေးရာတွင် ကော့မြစ်နှင့် ၎င်း၏ မြစ်လက်တက်များအပြင် ဆိုင်မြစ်၊ ရွတ်မြစ်နှင့် မဲခေါင်မြစ်တို့၏ ရေနှင့် အနည်အနှစ်များထဲတွင် အာဆင်းနစ်နှင့် အခြားသတ္တုအဆိပ်များ ပါဝင်နေသည်ကို တွေ့ရှိခဲ့သည်။
郭河流经缅甸掸邦流入泰国清莱府(ချင်းရိုင်ပြည်နယ်),赛河和洛克河则为两国边界河。
ကော့မြစ်သည် မြန်မာနိုင်ငံ ရှမ်းပြည်နယ်မှတစ်ဆင့် ထိုင်းနိုင်ငံ ချင်းရိုင်ပြည်နယ်အတွင်းသို့ စီးဝင်ပြီး ဆိုင်မြစ်နှင့် ရွတ်မြစ်တို့မှာ နှစ်နိုင်ငံနယ်နိမိတ်အဖြစ် တည်ရှိနေသည်။
泰国政府发布公告称,在为治理水污染而成立的泰缅工作组第一次会议上,双方同意沿郭河设立4个监测站,沿赛河设立2个监测站。
ရေထုညစ်ညမ်းမှု တိုက်ဖျက်ရေးအတွက် ဖွဲ့စည်းထားသည့် ထိုင်း-မြန်မာ လုပ်ငန်းအဖွဲ့၏ ပထမအကြိမ် အစည်းအဝေးတွင် ကော့မြစ်တစ်လျှောက်၌ စောင့်ကြည့်ရေးစခန်း (၄) ခုနှင့် ဆိုင်မြစ်တစ်လျှောက်၌ (၂) ခု ထားရှိရန် နှစ်ဖက်သဘောတူညီခဲ့ကြောင်း ထိုင်းအစိုးရ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
公告中写道:“为能够定期共享信息并促进合作,双方同意通过指定部门每年至少交换两次水质监测检测数据。”
“ပုံမှန် သတင်းအချက်အလက် မျှဝေနိုင်ရေးနဲ့ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရေးအတွက် သတ်မှတ်ထားတဲ့ ဌာနတွေကတစ်ဆင့် ရေအရည်အသွေး စောင့်ကြည့်စစ်ဆေးမှု အချက်အလက်တွေကို တစ်နှစ်လျှင် အနည်းဆုံး နှစ်ကြိမ် ဖလှယ်သွားဖို့ နှစ်ဖက်သဘောတူခဲ့ကြပါတယ်” ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။
此外,泰国于11月22日表示,正计划暂停向缅甸出口用于稀土开采的化学物质,并将泰国一侧的郭河河段划定为污染控制区,以应对有毒污染问题。
ထို့ပြင် ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံသို့ မြေရှားသတ္တုတူးဖော်ရာတွင် အသုံးပြုသည့် ဓာတုပစ္စည်းများ တင်ပို့မှုကို ရပ်ဆိုင်းရန်နှင့် အဆိပ်သင့်ညစ်ညမ်းမှုကို ကိုင်တွယ်ဖြေရှင်းရန်အတွက် ထိုင်းနိုင်ငံဘက်ခြမ်းရှိ ကော့မြစ်အပိုင်းကို ညစ်ညမ်းမှု ထိန်းချုပ်ရေးဇုန်အဖြစ် သတ်မှတ်ရန် စီစဉ်နေကြောင်း နိုဝင်ဘာ (၂၂) ရက်က ပြောကြားခဲ့သည်။
泰国自然资源与环境部常务秘书拉维万·布里德女士(Mrs. Raweewan Bhuridej)表示,中国已提出提供技术援助,包括信息共享、联合调查和建立联合实验室。她表示:“中国愿意支持泰国与缅甸之间的合作。”
တရုတ်နိုင်ငံအနေဖြင့် သတင်းအချက်အလက် မျှဝေခြင်း၊ ပူးတွဲစစ်တမ်းကောက်ယူခြင်းနှင့် ပူးတွဲဓာတ်ခွဲခန်း တည်ထောင်ခြင်း အပါအဝင် နည်းပညာပိုင်းဆိုင်ရာ အကူအညီများ ပေးအပ်ရန် ကမ်းလှမ်းထားကြောင်း ထိုင်းနိုင်ငံ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ရာဝီဝမ် ဘူရီဒက်က ပြောကြားခဲ့သည်။ “ထိုင်းနဲ့ မြန်မာကြား ပူးပေါင်းဆောင်ရွက်မှုတွေကို ပံ့ပိုးပေးဖို့ တရုတ်နိုင်ငံက အသင့်ရှိနေပါတယ်” ဟု ၎င်းက ဆိုသည်။
来源 NP新闻
评论列表 共有 0 条评论
最新导读

热门文章




发表评论 取消回复