仰光省储存储备大米 保障国家粮食应急供应

编辑:缅华网 溪河报道 文章类型:综合资讯 发布于2026-11-21 00:40:27 共67人阅读
文章导读 据仰光省政府发布的公告,为能在仰光省内出现紧急粮食需求时使用,正在收购并储存储备大米……

缅华网 溪河报道

据仰光省政府发布的公告,为能在仰光省内出现紧急粮食需求时使用,正在收购并储存储备大米。

ရန်ကုန်တိုင်းဒေသကြီးအတွင်း အရေးပေါ်စားနပ်ရိက္ခာလိုအပ်ချက်များဖြစ်ပေါ်လာပါက အသုံးပြုနိုင်ရန် အရန်ဆန်များ စုဆောင်းသိုလှောင်ထားရှိလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

于11月18日,仰光省储备米采购监督委员会主席、仰光省政府计划、经济与财政部部长梅丹内博士(ဒေါက်တာမေသန်းနွယ်)前往仰光省敏加拉东镇区储备大米仓库视察检查并表示,储备大米需在规定期限内足量运抵仓库,符合规定的质量标准和规范,并防止出现损耗损失,因此需要严格管理和保管。

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ အရန်ဆန်သိုလှောင်ရုံသို့ ပြီးခဲ့သည့် နိုဝင်ဘာ (၁၈) ရက်က သွားရောက်ကြည့်ရှုစစ်ဆေးစဉ် ရန်ကုန်တိုင်းဒေသကြီး အရန်ဆန်စုဆောင်းကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာမေသန်းနွယ်က အထက်ပါကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။အဆိုပါ အရန်ဆန်များကို သတ်မှတ်ကာလအတွင်း သိုလှောင်ရုံများသို့ အပြည့်အဝရောက်ရှိစေရေး၊ သတ်မှတ်ထားသည့် အရည်အသွေးစံချိန်စံညွှန်းများနှင့် ကိုက်ညီစေရေးနှင့် လေလွင့်ပျက်စီးမှုများ မဖြစ်ပေါ်စေရေးတို့အတွက် စနစ်တကျ ကြပ်မတ်ထိန်းသိမ်းဆောင်ရွက်ရန် လိုအပ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အရန်ဆန်စုဆောင်းကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာမေသန်းနွယ်က ပြောကြားခဲ့သည်။

由于厄尔尼诺气候现象可能导致气候变化,国家正在安排储备大米收购工作,以应对粮食紧急需求,并已在仰光省内指定仓库接收储存储备大米。

အယ်နီညိုရာသီဥတုဖြစ်စဉ်များကြောင့် ရာသီဥတုပြောင်းလဲမှုများ ဖြစ်ပေါ်လာနိုင်သဖြင့် နိုင်ငံတော်အနေဖြင့် စားနပ်ရိက္ခာအရေးပေါ်လိုအပ်ချက်များအတွက် အရန်ဆန်စုဆောင်းရေးလုပ်ငန်းများကို စီစဉ်ဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးအတွင်း သတ်မှတ်သိုလှောင်ရုံများ၌ အရန်ဆန်များ လက်ခံသိုလှောင်ထားရှိလျက်ရှိကြောင်း သိရသည်။

来源:NP新闻

 
0
0

评论列表 共有 0 条评论

暂无评论

联系我们

邮箱:mhwmm.com@gmail.com