缅甸直桑岱节假日燃油供应有保障,储备油已就位

编辑:缅华网 溪河报道 文章类型:综合资讯 发布于2026-11-21 00:38:23 共80人阅读
文章导读 电力与能源部发布公告称,直桑岱节假日期间,为保障燃油能及时补充销售,已提前做好储备油安排……

缅华网 溪河报道

电力与能源部发布公告称,直桑岱节假日期间,为保障燃油能及时补充销售,已提前做好储备油安排。

တန်ဆောင်တိုင်ပွဲတော်ရုံးပိတ်ရက်ရှည်ကာလအတွင်း လိုအပ်သည့် စက်သုံးဆီများကို အမြန်ဖြည့်တင်းရောင်းချပေးနိုင်ရန် အရန်ဆီများ ကြိုတင်ထားရှိပြီးဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

据了解,在节假日期间,出行量可能较大的仰光-勃固-内比都-曼德勒高速公路、仰光-勃生-羌达-维桑公路、达西-格劳-茵莱-东枝公路、曼德勒-密铁拉-皎勃东-波巴-蒲甘公路、曼德勒-彬乌伦公路以及仰光-勃固-毛淡棉路线上的燃油销售站,均已正常补充燃油。

အဆိုပါ ရုံးပိတ်ရက်ရှည်ကာလအတွင်း ခရီးသွားလာမှုများပြားနိုင်သည့် ရန်ကုန်-ပဲခူး-နေပြည်တော်-မန္တလေး အမြန်လမ်း၊ ရန်ကုန်-ပုသိမ်-ချောင်းသာ-ငွေဆောင်လမ်း၊ သာစည်-ကလော - အင်းလေး - တောင်ကြီးလမ်း၊ မန္တလေး-မိတ္ထီလာ-ကျောက်ပန်းတောင်း-ပုပ္ပါး-ပုဂံလမ်း၊ မန္တလေး-ပြင်ဦးလွင်လမ်းနှင့် ရန်ကုန် - ပဲခူး - မော်လမြိုင် လမ်းကြောင်းများပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များတွင် စက်သုံးဆီများ ပုံမှန်ဖြည့်တင်းထားရှိပြီးဖြစ်ကြောင်း သိရသည်။

此外,为能让民众顺利、安心出行,已通过油罐车向全国燃油销售站正常补充所需燃油,并提前做好储备燃油的安排。因此,公众可在各大城市及沿途各站点 按规定购买和使用燃油。

ထို့ပြင် အများပြည်သူများ အဆင်ပြေချောမွေ့စွာနှင့် စိတ်ချမ်းမြေ့စွာ ခရီးသွားလာနိုင်ရေးအတွက် လိုအပ်သည့် စက်သုံးဆီများကို အမြန်ဖြည့်တင်းရောင်းချပေးနိုင်ရန် စက်သုံးဆီတင်ယာဉ် များဖြင့် တစ်နိုင်ငံလုံးရှိ စက်သုံးဆီအရောင်းဆိုင်များတွင် စက်သုံးဆီများ ပုံမှန်ဖြည့်တင်း ထားရှိပြီးဖြစ်သည့်အပြင် အရန်ဆီများ ကြိုတင်ထားရှိစီမံဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း သိရသည်။ထို့ကြောင့်အများပြည်သူများအနေဖြင့် စက်သုံးဆီများကို မြို့ကြီးများနှင့် ခရီးလမ်းတစ်လျှောက် တွင် သတ်မှတ်ထားသည့် စည်းကမ်းများအတိုင်း ဝယ်ယူသုံးစွဲနိုင်ကြောင်း ထုတ်ပြန်ထားသည်။

新闻来源: NP新闻

 
0
0

评论列表 共有 0 条评论

暂无评论

联系我们

邮箱:mhwmm.com@gmail.com