缅甸电力与能源部长赴中国青岛出席第四届BIMSTEC与“一带一路”能源合作伙伴关系理事长会议

编辑:缅华网 溪河报道 文章类型:综合资讯 发布于2026-11-27 23:35:18 共253人阅读
文章导读 据悉,缅甸代表团出席由中国国家能源局主办的第四届环孟加拉湾多领域经济技术合作倡议(BIMSTEC)与“一带一路”能源合作伙伴关系理事会第一次会议……

缅华网 溪河报道

据悉,缅甸代表团出席由中国国家能源局主办的第四届环孟加拉湾多领域经济技术合作倡议(BIMSTEC)与“一带一路”能源合作伙伴关系理事会第一次会议。代表团由电力与能源部长吴哥哥伦(ဦးကိုကိုလွင်)率领。11月25日至26日,代表团出席了上述机制执行委员会第一次会议和第四届能源部长会议,并进行了讨论。

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ချင်းတောင်မြို့တွင် တရုတ်နိုင်ငံအမျိုးသားစွမ်းအင် အုပ်ချုပ်မှုအဖွဲ့မှ ကြီးမှုးကျင်းပသော စတုတ္ထအကြိမ်ရပ်ဝန်းနှင့်ပိုးလမ်းမ စွမ်းအင်ဝန်ကြီးများ ညီလာခံသို့ တက်ရောက်ရန် ရောက်ရှိနေသော လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၂၅ ရက်နှင့် ၂၆ ရက်တို့တွင် ကျင်းပသည့် ရပ်ဝန်းနှင့်ပိုးလမ်းမ စွမ်းအင်ဝန်ကြီးများ အုပ်ချုပ်ရေးဘုတ်အဖွဲ့၏ ပထမအကြိမ် အစည်းအဝေးနှင့် စတုတ္ထအကြိမ် ရပ်ဝန်းနှင့်ပိုးလမ်းမ စွမ်းအင်ဝန်ကြီးများညီလာခံသို့ တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

部长表示,世界各国在满足自身能源需求时,都在注意环境影响,这与今天会议的目标一致。缅甸也在主要推动使用水电、太阳能、风能等可再生能源,同时在使用化石燃料时注意尽量减少对环境的负面影响。缅甸正在积极参与可再生能源发展进程和碳减排计划。为此,他也希望进一步获得中国国家能源局的帮助。

ပြည်ထောင်စုဝန်ကြီးက ကမ္ဘာ့နိုင်ငံအသီးသီးအနေဖြင့် မိမိတို့၏ စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းဆောင်ရွက်ရာတွင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများကို ဂရုပြုဆောင်ရွက်လျက်ရှိနေကြောင်း၊ ယနေ့အစည်းအဝေး၏ ရည်ရွယ်ချက်နှင့်လည်း ထပ်တူကျကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့်လည်း ပြန်ပြည့်မြဲစွမ်းအင်များဖြစ်သည့် ရေအား၊ နေရောင်ခြည်၊ လေစွမ်းအင်တို့ကို အဓိက အသုံးပြုသွားရန် ဆောင်ရွက်လျက်ရှိသကဲ့သို့ ရုပ်ကြွင်းလောင်စာများ အသုံးပြုရာတွင်လည်း သဘာဝပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံးဖြစ်စေရန်အချက်ကိုလည်း သတိပြုဆောင်ရွက်နေကြောင်း၊ ပြန်ပြည့်မြဲစွမ်းအင် ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များ၊ ကာဗွန်ထုတ်လုပ်မှု လျော့ချရေးအစီအစဉ်များ ဆောင်ရွက်ရာတွင် မိမိတို့နိုင်ငံအနေဖြင့် တက်ကြွစွာပူးပေါင်းဆောင်ရွက်နေကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်ရန်အတွက် ယခုအစီအစဉ်ကို ဦးဆောင်ကျင်းပသည့် တရုတ်နိုင်ငံအမျိုးသားစွမ်းအင်အုပ်ချုပ်မှုအဖွဲ့၏ အကူအညီကို တိုးမြှင့်ရယူလိုကြောင်း ဆွေးနွေးပြောကြားသည်။

随后,吴哥哥伦部长一行会见了中国国家能源局(National Energy Administration-NEA)负责人及代表团,就水电项目、跨境输电线路项目、提高太阳能利用项目、电池储能项目、抽水蓄能项目、风电项目、海上天然气新钻探区块投资事宜,以及中缅合作电力与能源项目在技术、技能和投资方面的发展合作等进行了讨论。

၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အမျိုးသားစွမ်းအင်အုပ်ချုပ်မှုအဖွဲ့ (National Energy Administration- NEA) အကြီးအကဲနှင့် အဖွဲ့အားတွေ့ဆုံ၍ ရေအားလျှပ်စစ်စီမံကိန်းများ၊ နယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်း စီမံကိန်းများ၊ ဆိုလာစွမ်းအင်အသုံးပြုမှုကိုမြှင့်တင်နိုင်ရေး စီမံကိန်းများ၊ ဘက်ထရီစွမ်းအင်သိုလှောင်မှု စီမံကိန်းများ၊ စုပ်တင်ရေအားလျှပ်စစ်စီမံကိန်းများ၊ လေအားလျှပ်စစ်စီမံ ကိန်းများ၊ ကမ်းလွန်သဘာဝဓာတ်ငွေ့ တူးဖော်ရေးလုပ်ကွက်အသစ်များတွင် ရင်းနှီးမြုပ်နှံရန်ကိစ္စရပ်များ၊  နည်းပညာ၊ ကျွမ်းကျင်မှုနှင့်ရင်းနှီးမြုပ်နှံဆောင်ရွက်နိုင်မည့် တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်သည့် လျှပ်စစ် နှင့်စွမ်းအင်စီမံကိန်းများအတွက် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်သွားနိုင်ရေးကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

来源 十一新闻周刊

 
0
0

评论列表 共有 0 条评论

暂无评论

联系我们

邮箱:mhwmm.com@gmail.com