残留超标致出口受阻 缅甸部分公司被暂停对华豆类出口资格
缅华网 溪河报道

缅甸出口中国的绿豆、花生和玉米被检出霉菌残留率超过规定标准,而且超标情况较多,因此中国方面已暂停部分公司的出口资格。据经济与贸易部消息,这一消息来自中国海关总署(GACC)下属动植物检疫司、植物检疫处发出的通知。相关公司的注册资格和货物出口资格已从11月初起被暂停。
မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့တင်ပို့ခဲ့သည့် ပဲတီစိမ်း၊ မြေပဲနှင့် ပြောင်းစေ့များတွင် မှိုဓာတ်ကြွင်း ကျန်ရှိမှုနှုန်းထားများမှာ သတ်မှတ်ချက်ထက် ကျော်လွန်များပြားနေကြောင်း စစ်ဆေးတွေ့ရှိခဲ့ရခြင်းကြောင့် တရုတ်နိုင်ငံဘက်မှ ကုမ္ပဏီအချို့ကို တင်ပို့ခွင့် ယာယီရပ်စဲလိုက်ကြောင်း သိရသည်။တရုတ်နိုင်ငံ၊ အကောက်ခွန်အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့(GACC)ရဲ့အပင်နှင့် တိရစ္ဆာန်ရောဂါထိန်းချုပ်ရေးဌာန၊ အပင်ထိန်းချုပ်ရေးဌာနခွဲမှ အကြောင်းကြားစာ ပေးပို့လာခြင်းဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှသိရသည်။ဓာတ်ကြွင်းကျန်မှု နှုန်းထားသတ်မှတ်ချက် ကျော်လွန်များပြားနေကြောင်း စစ်ဆေးတွေ့ရှိရသည့်အတွက် သက်ဆိုင်ရာကုမ္ပဏီများ၏ မှတ်ပုံတင်ခွင့်နှင့် ကုန်ပစ္စည်းတင်ပို့ခွင့်ကို ယခု နိုဝင်ဘာလဆန်းကစပြီး ရပ်စဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
一位商人说道 “公告我看到了。但具体哪些公司被暂停还不太清楚。关于残留超过规定标准一事也还不确切。可以说,中国最近查得相当严。”
" ထုတ်ပြန်တဲ့စာတော့ တွေ့လိုက်တယ်။ ဘယ်ကုမ္ပဏီတွေ ပိတ်ခံရသလဲဆိုတာတော့ သေချာမသိရ သေးဘူး။ ဓာတ်ကြွင်းက သတ်မှတ်နူန်းထားထက် များတယ်ဆိုတဲ့အပေါ်လည်း အတိကျမသိရသေးဘူး။ တရုတ်က ခုနောက်ပိုင်းတော့ တော်တော်လေး ချေးများလာတယ် ပြောရမယ်။ လိုတမျိုး၊ မလိုတမျိုးပေါ့" ဟု ကုန်သည်တစ်ဦးက ပြောသည်။
目前,缅甸产豆类中只有绿豆一种主要出口到中国市场,花生和玉米虽有出口,但数量较少。据了解,由于中国方面暂停出口资格的情况,农民们担心国内绿豆、花生和玉米市场会出现价格下跌、压价收购等情况。
လက်ရှိတွင် မြန်မာနိုင်ငံထွက် ပဲအမျိုးအစားများမှ ပဲတီစိမ်း တစ်မျိုးကိုသာ တရုတ်စျေးကွက်ကို အဓိ က တင်ပို့ရောင်းချနေတာဖြစ်ပြီး၊ မြေပဲနဲ့ ပြောင်းက တင်ပို့မှုရှိသော်လည်း နည်းပါးကြောင်းသိရသည်။
တရုတ်ဘက်မှ တင်ပို့ခွင့်အပိတ်ခံရသော အခြေအနေကြောင့် ပြည်တွင်း၌ ပဲတီစိမ်း၊ မြေပဲနှင့် ပြောင်း စျေးကွက်များတွင် စျေးကျဆင်းခြင်း၊ စျေးနှိမ်ဝယ်ယူခြင်းများကြုံတွေမည်ကို တောင်သူများက စိုးရိမ်နေကြကြောင်းသိရသည်။
仰光省克延镇一位种豆农民说道 :“现在只有上缅甸地区的新绿豆收成上市。其他地区还没上市。现在才刚开始种植。但听到这种停止收购的消息,还是会担心失去市场。去年也是只有种子价格好,豆子收成价格不好。”
" ခုချိန်က အညာဘက်ကပဲ ပဲတီစိမ်းအသစ်တွေ ပေါ်နေတာ။ ကျန်တဲ့ဒေသက မပေါ်သေးဘူး။ ခုမှစိုက် ပျိုးကြတာလေ။ ပဲတွေမပေါ်သေးပေမယ့်လည်း ဒီလိုအဝယ်ရပ်တဲ့ သတင်းတွေကြားတော့ စျေးကွက်ပျောက်မှာ ကြောက်တာပေါ့။ ပြီးခဲ့တဲ့နှစ်ကလည်း စျေးမကောင်းခဲ့ဘူးလေ။ မျိုးစျေးတွေသာ ကောင်းနေတာ။ တောင်သူစိုက်တဲ့ပဲကြ စျေးမကောင်းဘူး" ဟု ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်က ပဲစိုက် တောင်သူတစ်ဦးက ပြောပါတယ်။
2025年内,缅甸出口中国的10,000吨绿豆中,因被检出有毒的噻虫胺(Clothianidin)杀虫剂霉菌残留超过规定标准且数量较多,绿豆被退回过。当时中国方面已暂停出口上述10,000吨绿豆的22家公司的豆类出口资格。
ယခင် (၂၀၂၅) ခုနှစ်အတွင်း မြန်မာမှ တရုတ်သို့ တင်ပို့ခဲ့သည့် ပဲတီစိမ်း တန်ချိန် (၁၀,၀၀၀) တွင် အဆိပ်ရှိ Clothianidin ပိုးသတ်ဆေး မှိုဓာတ်ကြွင်းကျန်များ သတ်မှတ်ချက်စံနှုန်း ထက်ကျော်လွန်များပြားကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသည့်အတွက် ပဲတီစိမ်းများ ပြန်ပို့ခြင်းခံခဲ့ရသည်။
ထို့အပြင် ယင်း ပဲတီစိမ်းတန်ချိန် (၁၀,၀၀၀) အား တင်ပို့ခဲ့သည့် ကုမ္ပဏီ (၂၂) ခုကို တရုတ်နိုင်ငံဘက်မှ ပဲတင်ပို့ခွင့် ယာယီရပ်စဲခဲ့ကြောင်း သိရသည်။
来源:NP新闻
评论列表 共有 0 条评论
最新导读

热门文章




发表评论 取消回复