洛杉矶华中校友会35周年庆(中缅文版)
LA ဟွာကျုံးကျောင်းသားအသင်း ၃၅ နှစ်မြောက်ကျင်းပပွဲတော်အမှတ်တရ"
အမေရိကန်ပြည်ထောင်စုအစိုးရလော့အိမ့်ဂျလစ် နတ်သားသံတမန်ကျက်စားရာမြို့တော်ခေါ် LA တွင်အောက်တိုဘာလ၅ရက်နေ့၌စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ပါသည်။
နှစ်စဉ်ကဲ့သို့ကျောင်းသား/သူအရှိုရှိုဆိုက်ဆိုက်မြိုက်မြိုက်ရောက်ရှိလာကြရာခင်မင်သူလိုက်ရှာကြသည်တွင်အသီးသီးတွေ့ရှိစုဝေးမိတော့သည်၊ခင်မင်စွာနှုတ်ဆက်ကာဟားကြမြူးကြသည်၊အားမနာကြစတမ်းခနဲ့ကြ၊တချို့ကတော့လက်ညှိုးတခေါက်ခေါက်ငယ်စဉ်ကအဖြစ်အပျက်ငယ်ကျိုးငယ်နာထုတ်ဖော်ကလိတာလည်းတွေ့ရပါသေးသည်၊ဟာသပြောသူလည်းမနည်းလှပေ၊ဟားကွက်မိလိုက်လျှင်ကြားရသူမယ်အိဒ္နြေရေမဆယ်နိုင်လောက်အောင်ပင်အူနှိပ်ပြီးမျက်ရေလည်ရယ်မောကာကျမ်းပြင်ပေါ်လှဲကျလုမတတ်မြင်ကွင်းကတော့ချစ်စရာ၊ရယ်သံမောသံတညံညံကြားဝယ်ညနေ၅နာရီမျှပွဲစဉ်ကြေညာလိုက်တော့သည်ရှေးဦးစွာဟွာကျုံးကျောင်းတော်သီချင်းသီဆိုပြီးလျှင်ဥက္ကဋ္ဌနှစ်ဦးကမိန့်ခွန်းတမူထူခြားစွာအလှည့်ကျတခွန်းစီအသင်းအဖွဲ့စည်းလမ်းခရီးအကြောင်းကိုဆူးငြှောင့်ခလုတ်များစွာခဲရာခဲဆစ်ကျော်လွှာပြီးအသင်းသားနည်းငယ်စွာတဖြည်းဖြည်းများပြားတောင့်တင်းလာသည်နှင့်အမျှလုပ်ငန်းဆောင်တာတိုးချဲ့လုပ်ဆောင်ခဲ့သည်အသင်း၏အကျိုးကိုဦးစွာဆောင်ရွက်ခဲ့သည်အ သင်းသားအချင်းချင်းတဦးနှင့်တဦးပိုပိုချစ်ခင်ရင်းနှီးရေးအတွက်မကြာခဏမိတ်ဆုံပွဲငယ်များဖန်တီးခဲ့သည်။ချစ်ခင်မှုရှင်သန်လာသည်နှင့်တပြိုင်နက်ဘေးပတ်ဝန်းကျင်ရပ်ကွက်ရှိအသင်းများဆက်သွယ်တော့သည်၊လူအိုရုံဖိုးဖိုးဖွားဖွားတို့အားစိတ်ရွှင်လန်းရန်ကျွန်တော်များအသင်းက အကအဆိုဖျော်ဖြေရေးအဖွဲ့ဖွဲ့စည်းကာ သွားရောက်ဖျော်ဖြေခဲ့သည်အတွက်အမျိုးမျိုးချီးမွမ်းခြင်းခံရပါသည်။
အမိနိုင်ငံမြန်မာပြည်ကသဘာဝဖြစ်သောမီးရေလေကပ်ဆိုက်ရောက်တိုင်းဘေးရန်ဒုက္ခတွေ့ရှိနေသောပြည်သူလူထုကိုအဝတ်အထည်ပစ္စည်းမကငွေကြေးများစွာလည်းစုဆောင်းလှူဒါန်းခဲ့သည်၊အမေရိကန်ပြည်တွင်ရေဘေးငလျင်ဒဏ်၌ပြည်နယ်များလက်မနှေးဘဲတတ်အားသ၍ငွေအားဖြင့်လှူဒါန်းကူညီသည့်အတွက်နယူး ယောက်မြို့တော်ဝန်၏ချီးမွမ်းကျေးဇူးတင်လွှာကိုချီးမြှင့်ခြင်းဂုဏ်ယူစွာခံယူခဲ့ပါသည်၊အထက်ပါအကြောင်းအရာဥက္ကဋ္ဌနှစ်ဦးကအကျယ်တဝင့်ပြောကြားလိုက်ပါသည်၊ဆက်လက်၍ဖျောဖြေရေးအစီအစဉ်အတိုင်းပြုလုပ်ရာ မြန်မာအလှနှင့်မြန်မာယဉ်ကျေးမှုထင်ပေါ်လူကြိုက်များသောတပင်တိုင်မင်းသားအကကိုရွှေမန်းတင်မောင်ဝင်စားသည့်အလားကွေးနေလောက်အောင်ဟန်ပါပါပြောင်မြောက်စွာကပြသဖြင့်ပရိသတ်ကလက်ခုပ်သံအချိန်ကြာမြင့်စွာအားပေးခဲ့သည်တပြိုင်တည်းတွငလက်ဝဲလက်ယာရှိမင်းသမီးလည်းလက်တွဲကာကပြသွားသည်၊နောက်တဖန်ရှေးဟောင်းရွှေမိ သီချင်းဖြင့်အရင်းခံပြီးကပြန်လေရာ ပရိသတ်ကအုန်းအုန်းကျက်ကျက်ဆူညံသွားသည်၊တကိုယ်တော်အမျိုးသမီးတဦးကနာမည်ကျော်တိဘက်ကုန်းမြင့်တရုတ်သီချင်းသီဆို၍နားထောင်ကောင်းပေသည်၊ဂျပန်ကျူးကျော်မှုတန်ပြန်တိုက်ခိုက်အောင်ပွဲခံရှစ်ဆယ် နှစ်မြောက်ကျင်းပသည်နှင့်အညီဂျပန်သုံ့ပန်း ဖမ်းဆိုသောဇာတ် လမ်းတိုပြဇာတ်လည်းလူကြိုက်လှပေသည်။
ယခုအချိန်ညရှစ်နာရီရောက်လာထိတိုင်မိုးကောင်းကင်တခွင်ထိန်ထိန်လင်းစဲမို့တိမ်စုတိမ်လွှာရောင်စုံကွန့်မြူးလှပေသည်၊တိမ်တိုက်သဏ္ဌာန်မျိုးစုံပြောင်းလဲသည်ကိုသတိထားမိကာ၊ရံဖန်ရံခါနတ်သားနတ်သမီးသဏ္ဌာန်လိုလို လူ့ပြည်သို့ဆင်း၍ဟွာကျူံးမိသားစုနှင့်တကွယှဉ်ပြိုင်ဖျော်ဖြေသည့်နှယ်ကြည့်မြင်သူတိုင်းရင်တလှပ်လှပ်ဖြင့်ရင်သပ်ရှူမောဖွယ်ကျန်ရစ်တော့သည်၊တဖြေးဖြေးကောင်းကင်ဝေဟင်မဲမှောင်လာတော့ရာတွင် နတ်သားနတ်သမီးများဟွာကျူံးမိသားစုကိုနှုတ်ခွန်းဆက်သ၍မပြန်ချင်ပြန်ချင်ဖြင့်တာဝတိံသာနတ်နန်းသို့ပျံ သန်းသွားကြတော့သည်၊၎င်းကဲ့သို့မြင်ရသောမြင်ကွင်းသည်ပန်းချီကားချပ်တခုအနေဖြင့်မှတ်တမ်းတင်ရေးဆွဲ နိုင်ခဲ့လျှင်ဖြင့်ဟွာကျူံးကျောင်းသား/သူဟောင်းအသင်း၏အမွေအနှစ်သမိုင်းမှတ်တမ်းအကြောင်းအရာတခု အနေဖြင့်ကျန်ရစ်ခဲ့မည်မှာမလွဲဧကန်မုချပေ။
နောက်ဆုံးနိဂုံးချုပ်အနေဖြင့်ယခုစာလွှာနှင့်မိတ်ဆွေအပေါင်းကိုယ်စိတ်နှစ်ဖြာကျန်းမာရွှင်လန်းပါစေကြောင်း ဆန္ဒပြုလိုက်ပါသည်။
စာရေးသူ
楊德欢 (November 28th 2025)
ဟွာကျူံးအဖိုးအိုတဦး။
洛杉矶华中校友会成立35周年庆典纪实
美国加州洛杉矶市华中校友会于10月5日隆重举行了庆典活动。
一如往年,众多校友纷至沓来,寻找熟识的朋友。大家各自找到同伴后便聚集在一起,亲切问候,谈笑风生,毫无拘束地开怀大笑。有些人则回忆起起童年往事和趣闻轶事,也可见到不少幽默健谈之人。当笑话引起共鸣时,听众无不笑得前仰后合,甚至有人笑出眼泪,几乎要从椅子上滚落,场面十分可爱。在欢声笑语不绝于耳之际,到了下午五点,庆典仪式宣布开始。
首先,全体唱响华中校歌。随后,两位主席依次发表了独具特色的演讲,讲述了校友会一路走来克服重重困难、经历坎坷曲折的历程。从最初仅有少数会员,逐渐发展壮大,会务也随之扩展。他们始终以校友会的利益为先,并经常组织小型聚会,以增进会员间的友谊与情谊。
随着情谊日益深厚,校友会开始与周边社区的兄弟协会建立联系。我们还组建了歌舞表演队,前往老人院慰问演出,为爷爷奶奶们带去欢乐,此举获得了多方赞誉。
当第二故乡缅甸遭遇风灾、火灾、地震等自然灾害时,校友会也为受灾民众募集并捐赠了大量衣物、物资和资金。在美国本土,当各州面临洪涝、地震灾害时,我们也迅速响应,尽力捐款相助,为此还荣幸地获得了纽约市长的表彰信。以上这些情况,两位主席都作了详细介绍。
随后,按照预定的文艺表演节目单,演出继续进行。展现了缅甸风韵、广受欢迎的独柱戏王子舞蹈,由貌貌丁演绎得惟妙惟肖,姿态优雅,技艺精湛,引得观众报以长时间的热烈掌声。同时,左右两旁伴舞的女士也携手共舞,配合默契。接着,以经典歌曲"Shwe Mi"为基础编排的舞蹈再次上演,引得观众沸腾欢呼。一位女声独唱者演唱了著名的西藏高原风格中文歌曲,悦耳动听。为纪念抗日战争胜利八十周年而上演的话剧《抓捕日寇》短剧,也极受观众欢迎。
此时已至晚上八点,整个天空依然明亮,云彩斑斓,绚丽夺目。人们注意到云朵形态变幻万千,时而恍若天神天女下凡,与华中大家庭同台献艺竞演一般,令所有目睹此景的人心潮澎湃,叹为观止,流连忘返。渐渐地,夜空开始昏暗下来,晚霞犹如诸位天神和仙女依依不舍地向华中校友们道别,返回天宫去了。
若能以一幅画卷记录下此番所见景象,那么它必将作为华中校友会历史传承中一段珍贵的纪实篇章,毫无疑问地留存于世。
最后,谨以此文祝愿各位朋友身心康泰,喜乐顺遂。
作者:杨德欢 (2025年11月28日)
一位华中老校友
评论列表 共有 0 条评论
最新导读

热门文章




发表评论 取消回复