总统吴敏昂莱将赴河内出席第12届CLMV和第11届ACMECS峰会
缅华网 溪河报道

据越南方面消息,总统吴敏昂莱(ဦးမင်းအောင်လှိုင်)将出席2026年11月28日(星期六)在越南河内举行的区域研讨会。此次行程是他今年就任总统后首次出席多边会议。他于今年4月选举后获任文职总统,之后先后对邻国泰国、老挝、越南和柬埔寨等区域国家进行了正式访问。
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် စနေနေ့တွင် ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့၌ ကျင်းပမည့် ဒေသတွင်းဆွေးနွေးပွဲသို့ တက်ရောက်မည်ဖြစ်ကြောင်း ဗီယက်နမ်နိုင်ငံက ပြောကြားခဲ့သည်။
အဆိုပါ ခရီးစဉ်သည် ယခုနှစ်အတွင်း သမ္မတတာဝန်ယူပြီးနောက် ၎င်း၏ ပထမဆုံးသော နိုင်ငံစုံအစည်းအဝေး တက်ရောက်မှုလည်း ဖြစ်သည်။နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ရွေးကောက်ပွဲများအပြီး ဧပြီလတွင် အရပ်သားသမ္မတအဖြစ် တင်မြှောက်ခံရပြီးနောက် အိမ်နီးချင်း ထိုင်း၊ လာအို၊ ဗီယက်နမ်နှင့် ကမ္ဘောဒီးယားနိုင်ငံများအပါအဝင် ဒေသတွင်းနိုင်ငံများသို့ တရားဝင်ခရီးစဉ်များလှည့်လည်သွားရောက်ခဲ့သည်။
越南外交部发布消息称,柬埔寨、泰国、老挝三国总理以及东道主越南的代表也将出席在ACMECS(Ayeyawady - Chao Phraya - Mekong Economic Cooperation Strategy)和CLMV(Cambodia-Lao-Myanmar-Vietnam)两个区域合作机制下举行的上述研讨会。
ကမ္ဘောဒီးယား၊ ထိုင်း၊ လာအိုနိုင်ငံတို့မှ ဝန်ကြီးချုပ်များနှင့် အိမ်ရှင်နိုင်ငံဖြစ်သော ဗီယက်နမ်နိုင်ငံမှ ကိုယ်စားလှယ်များလည်း ACMECS နှင့် CLMV ဟူသော ဒေသတွင်းပူးပေါင်းဆောင်ရွက်ရေးယန္တရားနှစ်ခုအောက်တွင် ကျင်းပမည့် အဆိုပါဆွေးနွေးပွဲသို့ တက်ရောက်ကြမည်ဖြစ်ကြောင်း ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
将于11月28日举行的河内研讨会上,东盟秘书长高金洪(Kao Kim Hourn)以及柬埔寨总理洪玛奈(Hun Manet)亲王、泰国总理阿努廷·参威拉恭(Anutin Charnvirakul)、越南总理黎明兴(Le Minh Hung)和老挝的沙伦赛·贡马西(Saleumxay Kommasith))也将出席。
နိုဝင်ဘာ (၂၈) ရက်နေ့တွင်ကျင်းပမည့် ဟနွိုင်းဆွေးနွေးပွဲသို့ ASEAN အတွင်းရေးမှူးချုပ် ကောင်းကင်ဟွန်း နှင့်အတူ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်၊ ထိုင်းဝန်ကြီးချုပ် အနူတင် ၊ ဗီယက်နမ်ဝန်ကြီးချုပ် လီမင်ဟွန်းနှင့် လာအိုနိုင်ငံမှ ဆလောင်ဆိုင်း ကွန်မာဆစ်တို့လည်း တက်ရောက်ကြမည်ဖြစ်သည်။
据越南官方媒体报道,此次研讨会将重点讨论加强经济互联互通,特别包括基础设施建设、货物运输和物流网络、贸易、供应链以及环境事务等议题。
ဗီယက်နမ်နိုင်ငံပိုင်မီဒီယာများ၏ ဖော်ပြချက်အရ အဆိုပါဆွေးနွေးပွဲတွင် စီးပွားရေးချိတ်ဆက်မှု တိုးမြှင့်ရေးကို အဓိကထား ဆွေးနွေးကြမည်ဖြစ်ဖြစ်ပြီး အထူးသဖြင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး၊ ကုန်စည်ပို့ဆောင်ရေးနှင့် ထောက်ပံ့ပို့ဆောင်မှုကွန်ရက်၊ ကုန်သွယ်ရေး၊ ကုန်စည်ထောက်ပံ့ရေးကွင်းဆက်များနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာကိစ္စရပ်များ ပါဝင်မည်ဖြစ်သည်။
此次会议将包括第12届CLMV峰会和第11届ACMECS峰会,其中前者为柬埔寨、老挝、缅甸和越南四国合作会议,后者为伊洛瓦底江(ဧရာဝတီမြစ်)、昭披耶河(ချောင်ဖရာယာမြစ်)和湄公河流域(မဲခေါင်မြစ်ဝှမ်းဒေသ)经济合作战略会议。
အဆိုပါအစည်းအဝေးများတွင် (၁၂) ကြိမ်မြောက် CLMV ထိပ်သီးအစည်းအဝေး နှင့် (၁၁) ကြိမ်မြောက် ACMECS ထိပ်သီးအစည်းအဝေးတို့ ပါဝင်မည်ဖြစ်ကြောင်းသိရသည်။(၁၂) ကြိမ်မြောက် CLMV ထိပ်သီးအစည်းအဝေးသည် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ်နိုင်ငံတို့၏ ပူးပေါင်းဆောင်ရွက်ရေးအစည်းအဝေးဖြစ်ပြီး (၁၁) ကြိမ်မြောက် ACMECS ထိပ်သီးအစည်းအဝေးသည် – ဧရာဝတီ၊ ချောင်ဖရာယာနှင့် မဲခေါင်မြစ်ဝှမ်းဒေသ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာဆိုင်ရာ အစည်းအဝေးဖြစ်ကြောင်းသိရသည်။
来源:NP新闻
评论列表 共有 0 条评论
最新导读

热门文章




发表评论 取消回复