中国学者谈缅甸局势:遵守原则者不应受到谴责

编辑:澜湄趴 文章类型:综合资讯 发布于2021-02-07 17:04:01 共1568人阅读
文章导读 中国学者谈缅甸局势:遵守原则者不应受到谴责

澜湄趴

翻开历史的卷轴,中、印、缅三国共同提出的和平共处五项原则在国际关系史上如璀璨的明星熠熠生辉。1954年,中国政务院总理周恩来在访问印度和缅甸两国期间,分别与印度总理尼赫鲁、缅甸总理吴努发表《联合声明》,共同倡导和平共处五项原则,即互相尊重主权和领土完整、互不侵犯、互不干涉内政、平等互利、和平共处。半个世纪以来,这五项原则仍然是当今世界各国都在遵守的重要国际关系准则。

如今,这项基本原则依然出现在缅甸外交部官方网站的醒目位置,作为缅甸外交部门在处理外交事务时必须遵循的基本原则。中缅建交70年以来,和平共处五项基本原则也是中缅友谊的支柱。

缅甸外交部网站截图

近年来,在某些西方大国裹挟联合国针对缅甸若开事件表决制裁缅甸之际,中国都根据和平共处五项原则投下了关键的反对票。在西方剥夺昂山素季一系列荣誉称号,甚至剥夺她头上所有的光环之际,依然是中国,坚定不移地推动与缅甸的全方位合作。“邻居是搬不走的”,邻里好才能赛金宝。中国传统文化中一直流淌着睦邻友好、亲诚惠容的理念。冷暖与共、守望相助才是中缅胞波友谊的真实写照。

近日,西方国家公然散布谣言,声称中国在背后支持了缅甸军方的行动,这样的谣言一时充斥于缅甸社交平台。事实上,中国不干涉他国内政的原则是一贯的,保持理性克制正是不干涉他国内政在国际关系中的具体体现。正如我外交部发言人所强调的,作为缅甸的友好邻邦,我们希望各方在宪法和法律框架下妥善处理分歧,维护政治和社会稳定。缅甸事务必须交由缅甸民众自己协商解决和处理,其它国家的干预无助于问题的解决。国际社会应为缅甸解决内部分歧营造良好的外部环境,安理会行动应有助于缅甸和平和解,避免激化矛盾,避免事态进一步复杂化。

历史上,由于外国势力干预,导致问题更加复杂的情况比比皆是。相信缅甸民众一定不会忘记这样的画面:作为一国之政要,昂山素季不得不亲赴海牙国际法庭进行辩解抗争,而国际法庭裁决的达摩克利斯之剑至今尚未落下。

值得一提的是,在此次缅甸局势突变之后,泰国及马来西亚等东盟国家均强调,这属于缅甸内政,要有足够的耐心等待缅甸民众自己去解决危机,东盟没有公开谴责或支持任何一方。他们的做法与中国不谋而合,是遵守和平共处五项原则的典范。

在缅甸问题上,中国作为友好邻邦,与东盟国家一道,始终坚持和平共处五项基本原则,为推动缅甸正常化而努力。作为国际关系学者,我们呼吁:不应将怒火发泄在忠实的朋友身上,遵守原则的人不应当受到谴责。

【链接】

Link။ ။

联合国安理会今天发表声明,对缅甸军方近日宣布进入该国紧急状态以及国务资政昂山素季和总统温敏等人被任意拘留事件表示高度关注,并呼吁立即释放所有被拘留者。声明强调,国际社会必须继续支持缅甸的民主过渡,维护民主体制和程序,避免暴力,并充分尊重人权、基本自由和法治。安理会鼓励按照缅甸人民的意愿和利益进行对话与和解。

文:成汉平(南京大学教授,浙江工业大学兼职教授,东南亚研究会会长),宁威(国防科技大学国际关系学院东南亚研究中心副主任)

翻译:李祖清

编辑:张莹琳

译审:巴乌(缅籍)

中文审核:张若谷  曹云波

 

သမိုင်းကို ပြန်လည်ကြည့်ရှုသည့်အခါ တရုတ်၊ အိန္ဒိယ၊ မြန်မာသုံးနိုင်ငံမှ အတူတင်ပြသည့် ငြိမ်းချမ်းစွာ အတူနေထိုင်ရေးမူဝါဒ(၅)ရပ်သည် နိုင်ငံတကာဆက်ဆံရေး သမိုင်းကြောင်းတွင် ထွန်းလင်းတောက်ပနေလျက်ရှိပါသည်။ ၁၉၅၄ ခုနှစ် တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီး ချုပ် ချူအင်လိုင်းမှ အိန္ဒိယနှင့်မြန်မာနှစ်နိုင်ငံသို့ သွားရောက်လည်ပတ်သည့်ကာလအတွင်းတွင် အိန္ဒိယနိုင်ငံဝန်ကြီးချုပ်နေရူး၊ မြန်မာနိုင်ငံဝန်ကြီးချုပ်ဦးနုတို့နှင့်အတူ “ပူးတွဲကြေညာချက်”ကိုအသီးသီးထုတ်ပြန်ခဲ့သည်။ ငြိမ်းချမ်းစွာ အတူနေထိုင်ရေးမူဝါဒ(၅)ရပ်ကို ပူးပေါင်းခံယူပြောဆိုခဲ့သည်။ အချင်းချင်း၏ အချုပ်အခြာအာဏာနှင့် နိုင်ငံပိုင်နက်ပြည့်စုံမှုကို လေးစားခြင်း၊ အပြန်အလှန် ကျူးကျော်မှုမပြုခြင်း၊ ပြည်တွင်းရေးကို အပြန်အလှန် မစွက်ဖက်ခြင်း၊ တန်းတူညီမျှရေးနှင့် အပြန်အလှန်အကျိုးပြုရေး၊ ငြိမ်းချမ်းစွာ အတူနေထိုင်ခြင်းတို့ဖြစ်ပါသည်။ ရာစုဝက်အတွင်း   ဤမူဝါဒ(၅)ရပ်သည်    ယခု    ကမ္ဘာ့နိုင်ငံအသီးသီးတွင် လိုက်နာလျက်ရှိနေသည့် နိုင်ငံတကာဆက်ဆံရေး၏ အရေးပါသောစံများ ဖြစ်နေပါသည်။

ယနေ့တွင် ဤအခြေခံမူဝါဒသည် မြန်မာနိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာန၏ တရားဝင် ဝက်ဘ်ဆိုက်၌ ထင်ရှားသိသာသောနေရာတွင် ဖော်ပြနေဆဲဖြစ်ပါသည်။ မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ နိုင်ငံခြားရေးရာလုပ်ငန်းကိစ္စများကို ဆောင်ရွက်သည့်အခါတွင် လိုက်နာရမည့် အခြေခံမူဝါဒပင် ဖြစ်နေပါသည်။ တရုတ်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးထူထောင်သည့် နှစ် ၇၀ ကာလအတွင်း ငြိမ်းချမ်းစွာ အတူနေထိုင်ရေးမူဝါဒ(၅)ရပ်မှာ တရုတ်-မြန်မာနှစ်နိုင်ငံချစ်ကြည်ရေး၏ အဓိကအထောက်အကူဖြစ်ပါသည်။

ယခုနှစ်ပိုင်းတွင် တချို့သောအနောက်တိုင်းနိုင်ငံကြီးများက ကုလသမဂ္ဂကို မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကိစ္စနှင့်ပတ်သက်၍ မြန်မာနိုင်ငံအား ပိတ်ဆို့မှုများလုပ်ဆောင်ရန် တိုက်တွန်းသည့်အခါတိုင်းတွင် တရုတ်နိုင်ငံသည် ငြိမ်းချမ်းစွာအတူနေထိုင်ရေး မူဝါဒ(၅)ရပ်အပေါ် အခြေခံသည့် ဆန့်ကျင်မဲကို ပေးခဲ့ပါသည်။ အနောက်နိုင်ငံများမှ ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ထူးဆောင်ချီးမြှင့်ခြင်းမှ ဖယ်ရှားခြင်း  အထူးသဖြင့် သူမ၏ ဂုဏ်အရှိန်အဝါအားလုံးကို သိမ်းယူမည့်အခါတွင်လည်း တရုတ်နိုင်ငံက မြန်မာနိုင်ငံနှင့်ဘက်စုံပူးပေါင်းဆောင်ရွက်မှုကို ခိုင်မြဲစွာတွန်းတင်လုပ်ဆောင်ခဲ့ပါသည်။ “အိမ်နီးချင်းဟာ ရွေ့ပြောင်းမရပါ” အိမ်နီးချင်းကောင်းသည် ရွှေကဲ့သို့တန်ဖိုးရှိလှ ပေသည်။ တရုတ်နိုင်ငံ၏ ဓလေ့ရိုးရာယဉ်ကျေးမှုတွင် အိမ်နီးချင်းများ ကောင်းမွန်စွာ ဆက်ဆံမှသာ ခင်မင်ရင်းနှီးမှု၊ ရိုးသားမှု အကျိုးပြုမည် ဟူသောအတွေးအခေါ်ရှိသည်။ အေးအတူပူအမျှ၊ အပြန်အလှန်စောင့်ရှောက်ခြင်းသည် တရုတ်-မြန်မာ ပေါက်ဖော်ချစ်ကြည်ရေး ၏ စစ်မှန်သောပုံရိပ်ပင် ဖြစ်ပါသည်။

ယခုရက်ပိုင်း အနောက်နိုင်ငံများမှ မဟုတ်မမှန် ကောလာဟလသတင်းများ ပျံ့လွှင့်စေခဲ့ သည်။ တရုတ်နိုင်ငံက မြန်မာနိုင်ငံ တပ်မတော်၏ လုပ်ရပ်ကို နောက်ကွယ်တွင် အားပေးထောက်ခံနေသည်ဟု ဆိုကြသည်။ ဤကဲ့သို့သော မဟုတ်မမှန် ကောလဟလသတင်းများသည် မြန်မာနိုင်ငံလူမှုကွန်ရက်များပေါ်တွင် ပျံ့နှံ့ခဲ့သည်။  စင်စစ်အားဖြင့် တရုတ်နိုင်ငံသည် အခြားနိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်မှုမရှိသော မူဝါဒသည် တသမတ်တည်း ဖြစ်သည်။ သဘာဝနည်းလမ်းကျစွာ ဆင်ခြင်တုံတရားထိန်းသိမ်းပြီး အခြားနိုင်ငံများ၏ ပြည်တွင်းရေးတွင် ပါဝင်စွက်ဖက်မှုမပြုသည့် နိုင်ငံတကာဆက်ဆံရေး၏ တိကျသော ဖော်ပြချက်ဖြစ်ပါသည်။ တရုတ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ၏ လေးနက်စွာဖော်ပြသည့်အတိုင်း မြန်မာနိုင်ငံ၏ အိမ်နီးချင်းကောင်း ဖြစ်သော ကျွန်တော်တို့သည် အငြင်းပွားမှုများကို အခြေခံဉပဒေနှင့် တရားဉပဒေမူဘောင်အောက်မှ စနစ်တကျ ဖြေရှင်းစေလိုသည်။ သို့မှသာ နိုင်ငံရေးနှင့်လူမှုရေး တည်ငြိမ်မှုကို ထိန်းသိမ်းထားနိုင်မည် ဖြစ်သည်။ မြန်မာနိုင်ငံ၏ကိစ္စရပ်များသည် မြန်မာနိုင်ငံပြည်သူပြည်သားများကသာ ညှိနှိုင်းဖြေရှင်းသင့်သည်။ အခြားသောနိုင်ငံများမှ ဝင်ရောက်စွက်ဖက်ခြင်းသည် ပြဿနာဖြေရှင်းမှုအပေါ်တွင် အကျိုးပြုမည်မဟုတ်ပါ။ နိုင်ငံတကာလူမှုရေးအသိုင်းအဝိုင်းသည် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးပြဿနာများကို ဖြေရှင်းရန်အတွက် ကောင်းမွန်သော ပြင်ပပတ်ဝန်းကျင်ကို လုပ်ဆောင်ပေးသင့်သည်။ လုံခြုံရေးကောင်စီ၏ လုပ်ဆောင်ချက်သည် မြန်မာနိုင်ငံအား ငြိမ်းချမ်းစွာ ဖြေရှင်းရေးအတွက် အထောက်အကူပြုသင့်သည်။ ပြဿနာကို ပိုမိုကြီးထွားပြင်းထန်ခြင်း၊ ကိစ္စရပ်ပိုမိုရှုပ်ထွေး ဆိုးဝါးလာခြင်းများ မဖြစ်စေသင့်ပါ။

သမိုင်းကြောင်းအရ နိုင်ငံခြားအင်အားစု ပါဝင်စွက်ဖက်လာခြင်းကြောင့် ပြဿနာ ပိုမိုရှုပ်ထွေးစေသည့် အခြေအနေမျိုးသည် များစွာရှိခဲ့ပါသည်။ မြန်မာနိုင်ငံပြည်သူလူထုသည် ဤကဲ့သို့သောပုံရိပ်ကို မမေ့နိုင်လောက်ဟု ယုံကြည်ပါသည်။ နိုင်ငံ့အစိုးရ ခေါင်းဆောင်တစ်ဦး ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်သည် The Hague ရှိ အပြည်ပြည်ဆိုင်ရာ တရားရုံးသို့ ကိုယ်တိုင်သွားရောက်ပြီး တရားရင်ဆိုင်ခဲ့ကာ အပြည်ပြည်ဆိုင်ရာတရားရုံး၏ တရားဆုံးဖြတ်မှု Damocles ဓားသည် ယခုအထိ မရောက်သေးပါ။

မှတ်ချက်ပြုသင့်သည်မှာ ယခုအကြိမ် မြန်မာနိုင်ငံအခြေအနေရုတ်တရက် ပြောင်းလဲမှုအပြီးတွင် ထိုင်းနှင့် မလေးရှားနိုင်ငံ စသည့်အာဆီယံနိုင်ငံများက ဤအချက်သည် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကိစ္စဖြစ်ကြောင်း မြန်မာနိုင်ငံပြည်သူလူထုများကိုယ်တိုင် အခက်အခဲကို ဖြေရှင်းရန် စိတ်ရှည်စွာ စောင့်ဆိုင်းသင့်ကြောင်း လေးနက်စွာ ဖော်ပြခဲ့သည်။ အာဆီယံသည် မည်သည့်ဘက်ကိုမှ ပွင့်လင်းစွာ ရှုတ်ချခြင်း သို့မဟုတ် အားပေးခြင်းများမရှိပါ။ သူတို့၏ ချဉ်းကပ်ပုံသည် တရုတ်နိုင်ငံလုပ်ဆောင်ပုံနှင့် တိုက်ဆိုင်နေပါသည်။ ငြိမ်းချမ်းစွာအတူနေထိုင်ရေး မူဝါဒ(၅)ရပ်ကို လိုက်နာသော သာဓကဖြစ်ပါသည်။

မြန်မာနိုင်ငံ၏ပြဿနာနှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံက အိမ်နီးချင်းကောင်းအနေဖြင့် အာဆီယံနိုင်ငံများနှင့်အတူ ငြိမ်းချမ်းစွာအတူနေထိုင်ရေးမူဝါဒ(၅)ရပ်ကို ဆက်လက်ခံယူ လိုက်နာပြီး မြန်မာနိုင်ငံ၏ ပြန်လည်ပုံမှန်ဖြစ်လာအောင် တွန်းတင်လုပ်ဆောင်ခြင်းကို ကြိုးပမ်းသွားမည် ဖြစ်ပါသည်။ နိုင်ငံတကာဆက်ဆံရေးပညာရှင်အနေဖြင့်ကျွန်တော်တို့သည် - အမျက်ဒေါသများကို သစ္စာရှိသောမိတ်ဆွေအပေါ် မထွက်ပါနှင့်၊ မူဝါဒကိုလိုက်နာသူအား ပြစ်တင်ရှုတ်ချမှု မပြုသင့်ပါ။ ဟုသာ ဆော်ဩလိုပါတော့သည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် ယခုရက်ပိုင်းတွင် မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေ အပြောင်းအလဲဆိုင်ရာကြေညာချက်ကို ဖေဖော်ဝါရီလက ထုတ်ပြန်ခဲ့ကြောင်း သတင်းအရ သိရပါသည်။ မြန်မာစစ်တပ်၏ မြန်မာနိုင်ငံကို အရေးပေါ်အခြေအနေ ကြေညာပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့အား ဖမ်းဆီးခြင်းအပေါ် အထူးစိုးရိမ်ပူပန်ကြောင်း၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့် အပါအဝင် စစ်တပ်က ဖမ်းဆီးထားသူများကို ချက်ချင်းပြန်လွှတ်ပေးရန် တောင်းဆိုကြောင်း ၎င်းကြေညာချက်တွင် ရေးသားဖော်ပြထားပါသည်။ နိုင်ငံတကာသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီကူးပြောင်းခြင်းဖြစ်စဥ်ကို ဆက်လက်ပံ့ပိုးပေးမည်ဖြစ်သကဲ့သို့ ဒီမိုကရေစီစနစ်နှင့် လုပ်ထုံးလုပ်နည်းကို ထိန်းသိမ်းရန်၊ အကြမ်းဖက်မှုကို ရှောင်ရှားရန်၊  လူ့အခွင့်အရေး၊ အခြေခံလွတ်လပ်ခွင့်နှင့် တရားဥပဒေစိုးမိုးရေးကို အပြည့်အဝ လေးစားလိုက်နာရန် လုံခြုံရေးကောင်စီမှ အလေးထားဖော်ပြသကဲ့သို့ မြန်မာပြည်သူပြည်သားများ၏ ဆန္ဒနှင့်အကျိုးစီးပွားနှင့်အညီ အပြန်အလှန်ဖလှယ်ခြင်းနှင့် ပြန်လည်သင့်မြတ်ရေးကို လုံခြုံရေးကောင်စီမှ အားပေးကြောင်း ဖော်ပြပါရှိသည်။

 

缅文链接:https://m.facebook.com/story.php?story_fbid=4000174686680365&id=2214063571958161

 

 
0
0

评论列表 共有 2 条评论

暂无评论

联系我们

邮箱:mhwmm.com@gmail.com